ပေါင်မြို့နယ်၌ စားသုံးဆီများ ကုန်အညွှန်းအမှတ်သားပြည့်စုံမှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ စားသုံးဆီများ ကုန်အညွှန်းအမှတ်သားပြည့်စုံမှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး




ပေါင်၊ ဇွန် ၂၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း စားသုံးဆီ များကုန်အညွှန်းအမှတ်သား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က ဇွန်လ ( ၂၅ )ရက် နံနက် ( ၁၀ )နာရီက မြို့နယ်အတွင်းရှိ  ကုန်စုံဆိုင်များတွင် လိုက်လံကွင်းဆင်း စစ်‌ဆေးခဲ့ကြသည်။

ထိုသို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ ပေါင်းရပ်ကွက်၊ ကဒါရပ်ကွက်၊ ကဒုံစီးရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်ကာ စားသုံးဆီများတွင်  ကုန်အညွှန်းအမှတ်သား ပြည့်စုံမှန်ကန်မူ ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  လိုက်လံစစ်ဆေးပြီး  အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မွန်မလေး

Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)