နေပြည်တော်၊ ဇွန် ၂၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇွန်လ ၂၁ ရက်နေ့ ၁၅၁၅ အချိန် နောင်ချိုမြို့ဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် လားရှိုးမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့ စိုင်းထွန်းလှ(ခ)ထွန်းလှ မောင်းနှင်ပြီး စောမိုးကျော်သူ လိုက်ပါလာသည့် SOUEAST အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၅၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဇွန်လ ၂၂ ရက်နေ့ ၁၃၄၀ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ စိုင်းမိုးမြင့်သူ အား ကျိုက်မရောမြို့နယ်၊ ဇာသပြင်တံတားအနီးတွင် SOUEAST အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ မြန်မာငွေကျပ် ၅.၄ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စိုင်းထွန်းလှ(ခ)ထွန်းလှ(၃၄)နှစ်၊ စောမိုးကျော်သူ(၅၁)နှစ် နှင့် စိုင်းမိုးမြင့်သူ(၄၃)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment