ပဋိက္ခတွင် သေဆုံးရမည်ကို စိုးရိမ်သောကြောင့် ယူကရိန်းအမျိုးသား ထောင်ပေါင်းများစွာ တိမ်းရှောင်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဋိက္ခတွင် သေဆုံးရမည်ကို စိုးရိမ်သောကြောင့် ယူကရိန်းအမျိုးသား ထောင်ပေါင်းများစွာ တိမ်းရှောင်နေ



နယူးယော့ခ်၊ ဇွန် ၂၂

ပဋိပက္ခတွင် သေဆုံးမည်ကို စိုးရိမ်သောကြောင့် စစ်မှုထမ်းရန် ရှောင်လွှဲရင်း ယူကရိန်းအမျိုးသား ထောင်ပေါင်းများစွာ ပုန်းအောင်း တိမ်းရှောင်သွားခဲ့ကြသည်ဟု The New York Times က သောကြာနေ့တွင် ဖော်ပြခဲ့သည်။

အာဏာပိုင်များထံမှ ပုန်းအောင်းနေသည့် အမျိုးသား မည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း Kiev နှင့် Lvov ကဲ့သို့သော မြို့ကြီးများတွင် စည်းရုံးလှုံ့ဆော်ရန် အဖွဲ့ဝင်များကို သတိပေးသည့် လူမှုမီဒီယာအဖွဲ့များက လူပေါင်း သောင်းနှင့်ချီ ပါဝင်သည်။

ယူကရိန်းအမျိုးသားများသည် ပဋိပက္ခတွင် သေဆုံးရမည်ကို စိုးရိမ်ကြောင်း NYT မှ ဆက်လက်ပြောကြားခဲ့သည်။ သတင်းစာ၏ဖော်ပြချက်အရ ကိယက်ဗ်သည် တိုက်ပွဲကျရှုံးမှုများကို အစားထိုးရန်အတွက် ရှေ့တန်းသို့ လုံလောက်သောလေ့ကျင့်မှုမရှိဘဲ တပ်များစေလွှတ်လျက်ရှိသည်။

လုံလောက်သော လေ့ကျင့်မှု မရှိခြင်းသည် ကိယက်ဗ်ကို ကာကွယ်ရန် ခက်ခဲစေသည် ဟု စစ်ရေး လေ့လာသူများက သုံးသပ်ကြောင်း သတင်းစာ က ရေးသားဖာ်ပြထားသည်။

ယူကရိန်းအာဏာပိုင်များသည် စစ်မှုထမ်းရမည့်အသက်အရွယ် အမျိုးသားများကို နိုင်ငံတွင်းမှ ထွက်ခွာခွင့် တားမြစ်ခြင်းနိုင်ရန် အာဏာပိုင်များက အစွမ်းကုန်လုပ်ဆောင်ခြင်းဖြင့် အထွေထွေစည်းရုံးလှုပ်ရှားမှုကို ၂၀၂၂ ဖေဖော်ဝါရီတွင် ထုတ်ပြန်ကြေညာခဲ့သည်။ မေလ ၁၈ ရက်နေ့တွင် ယူကရိန်းတွင် လူစုလူဝေး သွားလာခြင်းဆိုင်ရာ တင်းကျပ်သည့် ဥပဒေတစ်ရပ် အသက်ဝင်ခဲ့ပြီး ယူကရိန်းနိုင်ငံသား ထောင်ပေါင်းများစွာကို စစ်တပ်ထဲသို့ ဆင့်ခေါ်စေခဲ့သည်။


Ref - TASS 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)