ခိုလမ်မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုလမ်မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်



ခိုလမ်   ၊  ဇွန်  ၂၄


ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုန်း၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ကာလေကျန်းမာရေးဌာနနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် အသိပညာပေးပြောကြားခဲ့ပြီး ခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမဖြစ်စေရေးအတွက် အိမ်ခြေစုစုပေါင်း(၁၁၀)ခန့်အား တစ်အိမ်တက်ဆင်း ဖုန်း၊ သွန်၊ လဲ၊ စစ် ရှာဖွေဆောင်ရွက်ခဲ့ပြီး အသုံးပြုလျက်ရှိသော ရေကန်များအား အဘိတ်ဆေးခတ်ခြင်းကို စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။


နေလင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)