ပြည်ဖျက်မိစ္ဆာများက သီတဂူဆရာတော်ကြီးအား စော်ကားပြောဆိုနေမှု၊ သပိတ်မှောက်ကံဆောင်ရန် လှုံ့ဆော်နေမှုများနှင့် ပတ်သက်၍ နေပြည်တော်အမျိုးသားရေးအဖွဲ့ ၏ သဘောထား ထုတ်ပြန်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မိစ္ဆာများက သီတဂူဆရာတော်ကြီးအား စော်ကားပြောဆိုနေမှု၊ သပိတ်မှောက်ကံဆောင်ရန် လှုံ့ဆော်နေမှုများနှင့် ပတ်သက်၍ နေပြည်တော်အမျိုးသားရေးအဖွဲ့ ၏ သဘောထား ထုတ်ပြန်ချက်



ပြည်ဖျက်မိစ္ဆာများက သီတဂူဆရာတော်ကြီးအား စော်ကားပြောဆိုနေမှု၊ သပိတ်မှောက်ကံဆောင်ရန် လှုံ့ဆော်နေမှုများနှင့် ပတ်သက်၍ နေပြည်တော်အမျိုးသားရေးအဖွဲ့ ၏ သဘောထား ထုတ်ပြန်ချက်


ရက်စွဲ ။  ။ ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၈ရက်

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူများ၊ ပြည်ဖျက်မီဒီယာများနှင့် ၎င်းတို့အလိုကျ လိုက်ပါလုပ်ဆောင်နေသည့် ပြည်ပြေး သံဃာတချို့သည် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာ တော်ကြီး ပျံလွန်တော်မူရသည့် ဖြစ်စဉ် ဖြစ်ပေါ်လာပြီးနောက် လုပ်ကြံဖန်တီး လှုံ့ဆော်မှုမျိုးစုံဖြင့် ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်လျှက်ရှိသည်ကို တွေ့မြင်ရသည်။

ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သီတဂူဆရာတော်ဘုရားကြီးမှ သံဃာထု အနေဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် မေတ္တာရှေးရှု မိန့်ကြားဆုံး မတော်မူသည်ကိုပင် ပြည်ပြေး သံဃာများက ဂါရဝတရားကင်းမဲ့စွာ ပြောဆိုစော်ကားနေသည်များမှာ ဘုရားသားတော်များနှင့် မတူတော့ဘဲ မိစ္ဆာဝါဒီများထက်ပင် ပိုမိုဆိုးသွမ်းလာသည်ကို မြင်တွေ့ရပါသည်။

ထိုသို့လှုံ့ဆော်နေသော ပုဂ္ဂိုလ်များသည် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များက သံဃာတော် (၉၂) ပါးကို ရည်ရွယ်ချက်ရှိရှိ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြစဉ်က ရေငုံနှုတ်ပိတ် နှုတ်ဆိတ်နေခဲ့ကြပြီး ဆရာတော် ကြီးကို အကြောင်းပြု၍ မလိုလားအပ်သော လှုံ့ဆော်မှုများ လုပ်ဆောင်နေခြင်းသည် ရိုးသားသော လုပ်ရပ် မဟုတ်ပါ။ အမျိုး ဘာသာ သာသနာအပေါ် အလေးအမြတ်ထားသည်ဆိုလျှင် CRPH,NUG, PDF အကြမ်း ဖက်အဖွဲ့များက သံဃာတော်များကို သတ်ဖြတ်နေမှု၊ ရှမ်းပြည်(မြောက်ပိုင်း)တွင် MNDAA, TNLA အကြမ်း ဖက်အဖွဲ့များက ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ဖျက်ဆီးခြင်း၊ စေတီတော်ကို ဖြိုဖျက်၍ ဌာပနာဖောက် ယူခြင်းများ လုပ်ဆောင်စဉ်ကတည်းက အကြမ်းဖက်အဖွဲ့များကို ပတ္တနိက္ကုဇ္ဇနကံဆောင်ရမည်ဖြစ်ပါသည်။

အဆိုပါအကြမ်းဖက်အဖွဲ့များ၏ ဘာသာရေးအပေါ် ရည်ရွယ်ချက်ရှိရှိ စော်ကားနေမှုများအပေါ် ပြည်တွင်းရှိ ရဟန်းရှင်လူပြည်သူများက ကန့်ကွက်ရှုတ်ချခဲ့စဉ် က ဘာအသံမှ မထွက်ခဲ့ကြသည့် ပြည်ပြေး သံဃာများ က ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ဖြစ်စဉ်ကို အကြောင်းပြု၍ အကြမ်းဖက်လှုံ့ဆော်ခြင်း၊ သီတဂူဆရာတော်ကြီးကို စော်ကားပြောဆိုနေမှုများနှင့် ပတ်သက်၍ ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။


နေပြည်တော်အမျိုးသားရေးအဖွဲ့


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)