ပေါက်ခေါင်းမြို့နယ်၌ နွေစပါး(ရတနာတိုး)စပါးမျိုး စံကွက်ရိတ်သိမ်း၊ တစ်ဧက အစိုတင်း ၁၂၂ ဒသမ ၈၂ တင်းထွက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ နွေစပါး(ရတနာတိုး)စပါးမျိုး စံကွက်ရိတ်သိမ်း၊ တစ်ဧက အစိုတင်း ၁၂၂ ဒသမ ၈၂ တင်းထွက်ရှိ




ပေါက်ခေါင်း၊ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ရပ်သစ်ကျေးရွာအုပ်စု၊ စိုင်ဂေါင်းကျေးရွာ တောင်သူဦးမြင့်လှိုင်၏ ကွင်းအမှတ် (၆၄၁) လယ်မြေတွင် နွေစပါး(ရတနာတိုး)စပါးမျိုး ၂ ဧကခွဲတွင် ယနေ့နံနက် ၉ နာရီက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါးစံကွက်ရိတ်သိမ်းခဲ့သည်။

အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းရာသို့ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းထွန်းနှင့်ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စုရှိတောင်သူများက ကြည့်ရှုအားပေးကြသည်။ အဆိုပါနွေစပါးစိုက်ခင်းကို စပါးခြွေလှေ့စက်ဖြင့် ရိတ်သိမ်း၍ အထွက်နှုန်းချိန်တွယ် ဆောင်ရွက်ခဲ့ရာ တစ်ဧကအထွက်နှုန်း အစိုတင်း ၁၂၂ ဒသမ ၈၂ တင်းထွက်ရှိကြောင်း သိရသည်။ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ယခုနှစ်နွေစပါးလျာထား (၁၁၄၂၄) ဧကတွင် စိုက်ပျိုးဧက (၁၁၄၄၆) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး၊ ရတနာတိုးစပါးမျိုး၊ ရက်(၉၀)၊ ထိုင်းနှံကောက်၊ ရေအနဲလို(၇)၊ဗီယက်နမ် စသည့်စပါးမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။


သန်းထွန်းအောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)