မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်သင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်သင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်


သံဖြူဇရပ်၊ ဇွန် ၂၅

မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ သင်တန်းဖွင့်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဦးစီးချုပ် (အရှေ့တောင်တိုင်းစစ်ဌာနချုပ်)၊ သံဖြူဇရပ်တပ်နယ််၊ တပ်နယ်မှူးနှင့်အရာရှိများ၊ သံဖြူဇရပ််မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် သင်တန်းသားများတက်ရောက်ခဲ့သည်။

ရှေးစွာဦး အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင်းရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးက သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သင်တန်းသားများအားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး၊ သင်တန်းသားများအတွက် ကြက်ဥအလုံး (၂၀၀၀) နှင့် ခေါက်ဆွဲခြောက် ဖာ (၄၀) ဖာတို့အားထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ကြီးမှလက်ခံရယူခဲ့​သည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၃/၂၀၂၄) ကို ဇွန် ၂၅ ရက်နေ့မှစတင်၍ ရက်သတ္တပတ် ၁၂ ပတ်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)