ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သင်ကြား



ကြို့ပင်ကောက်၊ ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်ခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၁၇၁ ကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၄ ကျောင်း စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် ပညာရေးဌာနမှဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကြို့ပင်ကောက်တစ်မြို့နယ်လုံးတွင် မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရန် ခန့်မှန်းလျာထားကျောင်းသား၊ကျောင်းသူ(၁၆၆၅၄)ဦးတွင် ကျောင်းသား/ကျောင်းသူ (၁၅၄၉၆)ဦး ကျောင်းအပ်နှံခဲ့ရာ ၉၃ ဒသမ ၀၅ ရာခိုင်နှုန်း ကျောင်းအပ်နှံခြင်းကိုလက်ခံခဲ့ပြီး အခြားမြို့နယ်များမှ အကြောင်းအမျိုးမျိုးကြောင့် လာရောက်အပ်နှံကြသော ကျောင်းသား၊ ကျောင်းသူများအား စည်းကမ်းနှင့်အညီ လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)