ပြင်ဦးလွင်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအားလက်နက်တပ်ဆင်အပ်နှင်းခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအားလက်နက်တပ်ဆင်အပ်နှင်းခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်


နေပြည်တော်၊ ဇွန် ၅

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ မင်းရဲကျော်စွာ အားကစားခန်းမ၌ ပြုလုပ်ရာ   ပြင်ဦးလွင်တပ်နယ် တပ်နယ်မှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်နယ်မှူး က  အမှာစကားပြောကြားသည်။ ထို့နောက် တပ်နယ်မှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအတွက် လက်နက်များတပ်ဆင်အပ်နှင်း ပေးပြီး ထောက်ပံ့ပစ္စည်းများထောက်ပံ့ပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များကိုယ်စား အဖွဲ့ခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တပ်နယ်မှူးနှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသည့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)