ကြံခင်းမြို့နယ်(အ.လ.က) စပါးအိုးကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်(အ.လ.က) စပါးအိုးကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ




ကြံခင်း၊ ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက (အ.လ.က) စပါးအိုးကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည်။

ပထမဦးစွာ (အ.လ.က) စပါးအိုးကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမြင့်က ဗလငါးတန်နှင့် ပြည့်စုံပြီး အကျင့်စာရိတ္တ ကောင်းမွန်သော အနာဂတ် ကျောင်းသား/သူများ ဖြစ်လာစေ‌ရန် ပြောကြားပြီး၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူး (၇)မျိုးအား ရှင်းလင်း  ပြောကြားပါသည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ် (တာဝန်ခံ) ဦးကျော်နိုင်ဝင်း စားသုံးရန်မသင့်သော အစားအစာများနှင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ (Book Club) အဖွဲ့ဝင် ဦးမျိုးဝင်း (ဆောင်းနတ်သျှင်)နှင့် ရာဇာငယ် (ကနောင်)တို့က လူငယ်နှင့်စာဖတ်ခြင်းအား အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်နှင့် စာအုပ်၊စာစောင် ပြသထားခြင်းအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်းနှင့် ဟောပြောပွဲသို့ (အ.လက) စပါးအိုးကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမြင့်၊  ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၃၀၀)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)