ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ၏ အစီရင်ခံစာပါ ရေးသားချက်များအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကို အဖွဲ့အစည်းအသီးသီးက ကြိုဆိုထောက်ခံကြောင်း သဘောထားများ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ၏ အစီရင်ခံစာပါ ရေးသားချက်များအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကို အဖွဲ့အစည်းအသီးသီးက ကြိုဆိုထောက်ခံကြောင်း သဘောထားများ ထုတ်ပြန်






















နေပြည်တော်၊ ဇွန် ၂၉ 

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၂၄ ခုနှစ်၊ဇွန်လ ၂၆ ရက်နေ့တွင် ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုး ဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးပါရန် တောင်းဆိုမှုများ ကို  ဖော်ပြထားပါသည်။

ထိုကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတွင် ရေးသား ဖော်ပြချက်များမှာ မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့်    မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များက ၎င်းအစီရင်ခံစာတွင် ပါဝင်သည့် ရေးသားချက်များအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၂၈-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ ရေးသား ချက်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊  မြန်မာနိုင်ငံဘဏ်များ အသင်း၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၏ သဘောထားထုတ်ပြန်ချက်ကို မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းYMBA(ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင် မောင်တော ဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ လွတ်မြောက်ခြင်းအသင်းတော် (ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟို အဖွဲ့ချုပ်၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ် ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံစာရေး ဆရာ အသင်း၊ မြန်မာနိုင်ငံပန်းချီ ပန်းပု အစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ်တို့မှ ထောက်ခံကြိုဆိုပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)