ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပပြုလုပ်





လွိုင်ကော်၊ ဇွန် ၃၀

ကယားပြည်နယ်အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ကယားပြည်နယ်ဥပဒေချုပ်ရုံးမှ ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာပြန်ပွားရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။               

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် နိုင်ငံဝန်ထမ်းများအနေဖြင့် ဥပဒေအသိပညာဗဟုသုတ တိုးပွားစေရန်၊ မိမိတို့၏လုပ်ငန်းခွင်၌ တာဝန်ထမ်းဆောင်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်တတ်သည့် နိုင်ငံဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊  ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေအသိပညာရှိကြရန် လိုအပ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲမှုဆောင်ရွက်သူများအနေဖြင့် ဥပဒေကို နားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်  နိုင်ငံတော်နှင့်ပြည်နယ်အစိုးရအဖွဲ့ အားထားရသည့် ဌာနအဖွဲ့အစည်းများအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လို‌ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ပြည်နယ်ဥပဒေအရာရှိက လက်ခံရယူခဲ့ပြီး ကယားပြည်နယ် ဥပဒေချုပ်ရုံး၊ ပြည်နယ်ဥပဒေအရာရှိက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာန ဖွင့်လှစ်ထားရှိသည့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း Video Clip အားပြသခဲ့ပြီး ပြည်နယ်ဥပဒေအရာရှိက ဥပဒေရေးရာဝန်ကြီးဌာနမှ ထုတ်ဝေသည့် စီးပွားရေးစာချုပ်စာတမ်းများနှင့် သက်ဆိုင်သောညွှန်ကြားချက်စာအုပ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့ထံ  ပေးအပ်ခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကာ သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး ခင်းကျင်းပြသထားသည့် ဥပဒေရေးရာ အသိပညာပေးစာအုပ်စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းတွင် နိုင်ငံဝန်ထမ်းများ သိသင့်သော ဥပဒေ(၁၃)မျိုးနှင့် သင်တန်းသား၊ သင်တန်းသူ(၅၀)ဦးအား (၂)ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်အတွင်း သာသနာ့ဗိမာန်တော်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လွိုင်ကော်)တို့၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်နယ်မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် ဌာနဆိုင်ရာရုံးများ ယာယီဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ဝန်ထမ်းများယာယီနေရာချထားပေးသည့် အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)