မြန်မာ့အကျပ်အတည်း EU က ဘယ်သူတွေကို ကူညီပေးမှာလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့အကျပ်အတည်း EU က ဘယ်သူတွေကို ကူညီပေးမှာလဲ


မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ကော်မရှင်အဖွဲ့ က ယမန်နေ့ (၂၀-၆-၂၀၂၄) ရက်စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံသားများနှင့် နယ်စပ်ရှိဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရန် ယူရို (၁၅) သန်းကို ချထားပေးကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများသည် အရှိန်အဟုန်ဖြင့် တိုးလာနေသည့်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များလည်း ထပ်တိုးလိုအပ်လာသောကြောင့် ဥရောပသမဂ္ဂသည် နိုင်ငံတွင်း ထိခိုက်ခံရသော ပြည်သူများနှင့် အိမ်နီးချင်းနိုင်ငံများဆီ ထွက်ပြေးတိမ်းရှောင်သွားရသော ဒုက္ခသည်များအား ကူညီနိုင်ရန် ယူရို (၁၅) သန်းကို ချထားပေးခြင်းဖြစ်ကြောင်း၊ ယင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များလည်း ပါဝင်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဤထပ်မံချထားပေးသော ပမာဏသည် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူများအား စားစရာ၊ အမိုးအကာ၊ ရေသန့်နှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အသက်ကယ် အထောက်အပံ့များ ပေးနိုင်ရန် ကူညီနိုင်မည်ဖြစ်ကြောင်း၊ ယင်းထပ်လောင်း ရန်ပုံငွေသည် မြေမြှုပ်မိုင်းအန္တရာယ်နှင့် ထိတွေ့မှု အနည်းဆုံးဖြစ်စေခြင်းကဲ့သို့သော အန္တရာယ်များသည့် အခြေအနေတွင် မိမိကိုယ်ကို ကာကွယ်နိုင်ရန် အကူအညီပေးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားစဉ်ကတည်းက ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ အကျပ်အတည်းအတွက် နှစ်စဉ် တိုးမြှင့်ထားပေးလာရာ ၂၀၂၄ ခုနှစ်တွင် ယူရို (၃၆) သန်းရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ကော်မရှင်အဖွဲ့ ၏ သတင်းထုတ်ပြန်ချက်တွင် "၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်သော လူဦးရေသည် (၁) သန်းမှ ၂၀၂၄ ခုနှစ်တွင် (၁၈) သန်းကျော်အထိ တိုးလာပြီဖြစ်သည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများပြင်းထန်လာပြီးနောက် ပြည်တွင်းနေရပ်စွန့်ခွာသူ အိုးမဲ့အိမ်မဲ့ အရေအတွက်သည် ခြောက်လအတွင်း (၅၀) ရာခိုင်နှုန်းတိုးလာခဲ့ပြီး ယခုအခါ (၃) သန်းကျော်အထိ ရှိလာပြီဖြစ်သည်။ လက်ရှိတွင် ရခိုင်ပြည်နယ်သည် အထူးသဖြင့် ပြင်းထန်သောတိုက်ပွဲများနှင့် ရင်ဆိုင်နေရပြီး အရပ်သား အသေအပျောက်များရှိနေသည်။ လက်နက်ကိုင်အဖွဲ့အစည်းများသည် အဓမ္မတပ်သားစုဆောင်းမှုများ လုပ်ဆောင်လျက်ရှိပြီး ဘင်္ဂါလီ (၎င်းတို့ အသုံး ရိုဟင်ဂျာ) များသည် အထူးသဖြင့် ပစ်မှတ်ထားခံနေရသည်။" ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ကော်မရှင်အဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အပေါ် နိုင်ငံရေး လေ့လာသူတစ်ဦး က "ဒီအလှူငွေတွေက လေထဲက အလှူငွေလည်း ဖြစ်နိုင်တယ်။ အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်း မဟုတ်တာတော့ သူတို့ရဲ့ ထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့် သိသာစေပါတယ်။ တခြား တိုင်းရင်းသားပြည်သူတွေကို ကူညီပေးရေးဆိုတာထက် သူတို့ရဲ့ အဓိက အစ်ရှူးဖြစ်တဲ့ ဘင်္ဂါလီ (သူတို့ အခေါ် ရိုဟင်ဂျာ)တွေကို ကူညီထောက်ပံ့ပေးဖို့ အဓိကပါပဲ။ အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေကိုလည်း ပေးကောင်းပေးနိုင်ပါတယ်။ ဒါတွေကိုတော့ တရားဝင် ဘယ်ထုတ်ပြန်မလဲ။" ဟု သုံးသပ်ပြောဆိုသည်။ 

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ကော်မရှင်အဖွဲ့ ၏ သတင်းထုတ်ပြန်ချက်တွင် တပ်မတော်က အာဏာထိန်းခဲ့သည့် ဖြစ်စဉ်ကို ခြေခြေမြစ်မြစ် ဖော်ပြခြင်းမရှိဘဲ စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ဟု ဖော်ပြထားပြီး NLD ပါတီမှ ပေါ်ပေါက်လာသော CRPH, NUG, PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ရည်ညွှန်းပြောဆိုခြင်းမျိုး မတွေ့ရပေ။ ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်အဖွဲ့က ဘင်္ဂါလီများကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့သည့်အခြေအနေများ၊ လူမျိုးရေး ပဋိပက္ခဖန်တီးနေမှုများကို မျက်ကွယ်ပြု၍ တပ်မတော်က အဓမ္မတပ်သားစုဆောင်းမှုများ ပြုလုပ်နေသယောင် ထင်ယောင်ထင်မှား ဖြစ်စေသည့် ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ထားခြင်းဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)