ကျိုက်ထိုမြို့နယ်တွင် KNU/PDF အကြမ်းဖက်သမား အလောင်း၊ လက်နက်ခဲယမ်းများ ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် KNU/PDF အကြမ်းဖက်သမား အလောင်း၊ လက်နက်ခဲယမ်းများ ရရှိ


ကျိုက်ထို၊ ဇွန် ၂၁

ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းရွာအနီး ဇွန်လ ၂၀ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်ခန့်က တပ်မတော်လုံခြုံးရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် KNU တပ်မဟာ (၁) လက်အောက်ခံ  KNU/PDF အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး KNU/PDF အကြမ်းဖက်သမားများ အထိနာ၍ ထွက်ပြေးသွားခဲ့ကြောင်း၊ ဖြစ်စဉ်အတွင်း အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ Sig Sauer အမျိုးအစား ပစ္စတို ၁လက်၊ ၎င်းကျည်အိမ်-၂ ခု၊ ၎င်းကျည် ၁၀တောင့်၊ M-16 ပုံပြောင်း M-4 carbine ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ M-4 အမျိုးစား သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၄၀ တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


Photo Crd -

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)