ဖျာပုံစာစစ်ဌာနတွင် ကျင်းပမည့် သုတဓမ္မဒီပလိုမာ (Level-1) စာမေးပွဲသို့ ဘိုကလေးမြို့နယ်မှ လူပုဂ္ဂိုလ် (၁၀၀) ကျော် ဝင်ရောက်ဖြေဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံစာစစ်ဌာနတွင် ကျင်းပမည့် သုတဓမ္မဒီပလိုမာ (Level-1) စာမေးပွဲသို့ ဘိုကလေးမြို့နယ်မှ လူပုဂ္ဂိုလ် (၁၀၀) ကျော် ဝင်ရောက်ဖြေဆိုမည်



ဘိုကလေး၊ ဇွန် ၂၅

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒေါက်တာအရှင်နန္ဒမာလဘိဝံသ ဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်ဖွင့်လှစ်ထားသည့် ပညာဘူမိတက္ကသိုလ်မှ သုတဓမ္မဒီပလိုမာ စာမေးပွဲများအား (၆) လတစ်ကြိမ် နယ်စာစစ်ဌာနများအလိုက် ကျင်းပ ဆောင်ရွက်လျက်ရှိရာ ယခုလဇွန်(၂၉)ရက်နေ့တွင် သုတဓမ္မဒီပလိုမာ (Level-1) စာမေးပွဲအား ဧရာဝတီစာဖြေဌာန (၆) စာစစ်ဌာနအဖြစ် ဖျာပုံမြို့နယ်၊ ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက် ကျင်းပသွားမည်ဖြစ်ပြီး ဘိုကလေးမြို့နယ်မှ လူပုဂ္ဂိုလ် (၁၀၀) ကျော် ဝင်ရောက်ဖြေဆိုကြမည် ဖြစ်သည်။

အဆိုပါ သုတဓမ္မဒီပလိုမာ စာမေးပွဲများအား (၆) လလျှင် တစ်ကြိမ် Level အလိုက် ဖြေဆိုကြရပြီး Level-3 အောင်မြင်ပါက ပညာဘူမိတက္ကသိုလ်တည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ (၇) မိုင် (၆) ဖာလုံတွင် ဒီပလိုမာဘွဲ့ တက်ရောက်ယူဆောင်ရကြောင်း၊ စာမေးပွဲများအား တက္ကသိုလ်အနေဖြင့် မြတ်ဗုဒ္ဓ၏ စစ်မှန်သော ဓမ္မတို့ကို သေချာကျနစွာ နားလည်သဘောပေါက်ပြီး  မိမိတို့၏စိတ်တွင် ဓမ္မအသိပညာများ ကိန်းအောင်းလိုက်နာကျင့်သုံး နေထိုင်ခြင်းဖြင့် လောကဓမ္မရေးရာနှစ်ဖြာတွင် ကောင်းကျိုးချမ်းသာများ ရရှိရန်ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ကြောင်းနှင့် သုတဓမ္မဒီပလိုမာ (Level-1) စာမေးပွဲ ဖြေဆိုကြမည့် သူများအနေဖြင့် ပညာဘူမိတက္ကသိုလ်မှ ပြဌာန်းထားသော “ဘဝခရီးရွယ်ရွေးချယ်ရမည့်လမ်း၊ မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ၊ စိတ်အညစ်အကြေးများကို ဖယ်ရှားခြင်း၊ မေတ္တာသုတ်အနှစ်ချုပ်၊ သမထနှင့်ဝိပဿနာ” စသော အခန်း(၅)ခန်းအား လေ့လာမှတ်သားရကြောင်း သိရသည်။


မိုးစက်(ဘိုကလေး)

Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)