NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ချင်း PDF အကြမ်းဖက်အဖွဲ့က တီးတိန် ကြိုးတံတားအား မိုင်းခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ချင်း PDF အကြမ်းဖက်အဖွဲ့က တီးတိန် ကြိုးတံတားအား မိုင်းခွဲဖျက်ဆီး



တီးတိန်၊ ဇွန် ၉

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က မံဆောင်း နယ်စပ်ကုန်သွယ်ရေး မြစ်ကူးကြိုးတံတားကို ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းက NUG အကြမ်းအဖွဲ့၏ လက်အောက်ခံ ချင်း PDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ကြိုးတံတား မိုင်းခွဲဖျက်ဆီးခြင်း ခံရသည့် ဖြစ်စဉ်အပေါ် ပြည်ပြေး ဝရမ်းပြေး အောင်ဇော် ဦးဆောင်သည့် ဧရာဝတီ သတင်းဌာန က တပ်မတော်သားများက ဖျက်ဆီးသယောင် အများပြည်သူ အထင်မှား အမြင်မှား ဖြစ်စေရန် လုပ်ကြံဖန်တီးရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။

ပြည်ဖျက်မိစ္ဆာများဖြစ်သည့် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်အဖွဲ့များသည် ဒေသခံပြည်သူများ သွားလာရေးခက်ခဲစေရန်၊ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေး အခက်တွေ့စေရန် လမ်းတံတားများကို မကြာခဏ မိုင်းခွဲဖျက်ဆီးခြင်းများ ကျူးလွန်လျက်ရှိသည်။


Photo Crd -

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)