ဒီပဲယင်းမြို့၊ မြို့နယ်ထွေအုပ်ရုံးကို PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီပဲယင်းမြို့၊ မြို့နယ်ထွေအုပ်ရုံးကို PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် တိုက်ခိုက်


ဒီပဲယင်း၊ ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများမှ ဒရုန်းယာဉ်  ၁ စီးတွင် လက်လုပ်ဗုံးသီး ၁ လုံး ချိတ်ဆွဲ၍ ဇွန်လ ၂၇ ရက်နေ့ ညနေ (၅ ၃၅)အချိန်ခန့်က လာရောက်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လုံခြုံရေးပူးပေါင်းအဖွဲ့သည် လုံခြုံရေးဆောင်ရွက်နေစဉ် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ၃၀ ဦးခန့်သည် ဒီပဲယင်းမြို့၏ အနောက်တောင်ဘက် ဒီပဲယင်းမြို့နယ်၊ မဲသည်ကျေးရွာဘက်မှ ဒရုန်းယာဉ်  ၁ စီးတွင် လက်လုပ် ဗုံးသီး ၁ လုံး ချိတ်ဆွဲ၍ လာရောက် ပစ်ချတိုက်ခိုက်ခဲ့ပြီး လာရာလမ်းအတိုင်း ပြန်လည်ပျံသန်းသွားခဲ့ကြောင်း၊ အဆိုပါ လက်လုပ်ဗုံးသီးမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခေါင်မိုးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အမိုးသွပ် ၄ ချပ်နှင့်မျက်နှာကြက် ကျောက်ပြား ၆ ချပ် (စုစုပေါင်း ကာလတန်ဖိုး ၁၁၀,၀၀၀ ကျပ်ခန့်) ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)