ရွှေဘိုမြို့တွင် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲပြီး အပြစ်မဲ့ ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့တွင် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲပြီး အပြစ်မဲ့ ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရ


ရွှေဘို၊ ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၈ ရက် ၁၂၃၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်နေ ကိုအောင်သူဦး(၂၄)နှစ်နှင့် မိခင်ဖြစ်သူ ဒေါ်သူဇာအောင်(၄၂) တို့ ၂ ဦးသည် နေအိမ်မှ ဆိတ်ကျောင်းရန် ထွက်ခွာလာစဉ် ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်၊ မြို့ရှောင်လမ်းအနီးရှိ လယ်ကွင်းအတွင်း အရောက်၌ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ရာ ကိုအောင်သူဦးတွင် ယာပါးနှင့် ယာလက်တို့၌  မိုင်းစထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ)နှင့် ဒေါ်သူဇာအောင်တွင် ယာခြေ၊ ယာပါး၊ ယာလက်နှင့် နောက်ကျောတို့၌ မိုင်းစထိမှန်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံ သို့ ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)