ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ရှိ တိုးလ်ဂိတ်၌ လမ်းအသုံးပြုခကောက်ခံနေမှုစနစ်တကျရှိစေရေး၊ QR Code System တပ်ဆင်ရေး၊ ယာဉ်များသွားလာရာတွင် စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ရှိ တိုးလ်ဂိတ်၌ လမ်းအသုံးပြုခကောက်ခံနေမှုစနစ်တကျရှိစေရေး၊ QR Code System တပ်ဆင်ရေး၊ ယာဉ်များသွားလာရာတွင် စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်းစည်းဝေး


နေပြည်တော်၊ ဇွန် ၁၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် -၃) ရှိ တိုးလ်ဂိတ်၌ လမ်းအသုံးပြုခကောက်ခံနေမှုနှင့် တိုးလ်ဂိတ်၌ဝန်ထမ်းများ တာဝန်ချထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်တံတား အမှတ်-၃ အနီးရှိ PMU ရုံး၏ အစည်းအဝေးခန်းမ၌ကျင်းပသည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ရှိ တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှု စနစ်တကျရှိစေရေး၊ ငွေကြေးလေလွင့်မှုမရှိစေရေး၊ QR Code System တပ်ဆင်ရေး၊ ယာဉ်များသွားလာရာတွင် စနစ်တကျရှိစေရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တံတားကြီးပေါ်၌ ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာရာတွင် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေး၊ ဆလိုက်မီးများတပ်ဆင်နိုင်ရေး၊ တံတားပေါ်ဖြတ်သန်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ဗီနိုင်းဖြင့်အသိပေးဆိုင်းဘုတ်တပ်ဆင်ရေးနှင့် ယာဉ်ဖြတ်သန်းခကောက်ခံရရှိငွေများ ပျောက်ဆုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက တံတားကြီးပေါ်တွင် ယာဉ်ကြီး၊ ယာဉ်ငယ်များစည်းကမ်းတကျ သွားလာနိုင်ရေး၊ တံတားပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးကျော်ကျော်စိုးက ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃) အတွက် ယာဉ်ဖြတ်သန်းသွားလာမှု အဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ တက်ရောက်လာကြသူများက တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်းကောင်း အကြံပြုဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အမှတ်(၃) လမ်းဆုံ တိုးလ်ဂိတ်အနီးရှိ EV Charging Station တွင် လျှပ်စစ်မော်တော်ယာဉ်များ ဓာတ်အားဖြည့်သွင်းနေမှုနှင့် ဘောနတ်ကြီးယာဉ်ရပ်နားစခန်းအနီးရှိ EV Charging Station တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)