ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Altai Krai ဒေသ၊ Barnaul မြို့တွင် ပြုလုပ်ခဲ့သည့် “ALTAI REGATA. DRAGON FESTIVAL” သို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Altai Krai ဒေသ၊ Barnaul မြို့တွင် ပြုလုပ်ခဲ့သည့် “ALTAI REGATA. DRAGON FESTIVAL” သို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်




မော်စကို၊ ဇူလိုင် ၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် Altai Krai ဒေသအစိုးရနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၁ ရက် နေ့အထိ ဆိုက်ဘေးရီးယားဒေသ၊ Altai Krai၊ Barnaul တို့သို့ သွားရောက်ခဲ့ပြီး နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲတော်၊ ရိုးရာနဂါးလှေပြိုင်ပွဲသို့ ပါဝင်တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် အမှာစကား ပါဝင်ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း သံအမတ်ကြီးသည် Altai Krai ဒေသ အစိုးရအကြီးအကဲနှင့် အုပ်ချုပ်ရေးမှူးဖြစ်သူ Mr. Viktor Tomenko ဦးစီးသည့် ဒေသအစိုးရအဖွဲ့ဝင်များနှင့်အတူ အစိုးရအဖွဲ့ရုံး၌ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် Altai Krai အကြား ချစ်ကြည်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့် အားကစား ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားဧည့်သည်များ အပြန်အလှန် လည်ပတ်မှု တိုးမြှင့်လာစေရေးကိစ္စရပ်များကို အလေးထားဆွေးနွေး ပြောကြားခဲ့သည်။

ထို့အပြင် သံအမတ်ကြီးသည် Barnaul မြို့ရှိ Altai State Pedagogical University နှင့် နေကြာဆီ ထုတ်လုပ်သည့်စက်ရုံ Divo Altai LLC သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာများကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။

အဆိုပါ ရိုးရာနဂါးလှေပြိုင်ပွဲသို့ အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့အပြင် အိန္ဒိယနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ ရုရှားနိုင်ငံမှ လှေလှော်ပြိုင်ပွဲဝင် အားကစားသမား (၆၀၀) ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ မြန်မာအသင်းမှာ နိုင်ငံအလိုက် ပထမအဆင့်ရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

(သတင်းပေးပို့ရန် Viber, Telegram - 09692366274)

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)