(၄၅) ကြိမ်မြောက် အာရှ-ဥရောပဖောင်ဒေးရှင်း (ASEF) ၏ အုပ်ချုပ်ရေးမှူးများ အစည်းအဝေးသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီး ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၅) ကြိမ်မြောက် အာရှ-ဥရောပဖောင်ဒေးရှင်း (ASEF) ၏ အုပ်ချုပ်ရေးမှူးများ အစည်းအဝေးသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီး ပါဝင်တက်ရောက်



ဘာလီ၊ ဇူလိုင် ၁၅

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးအောင်မျိုးမြင့်သည် ဘာလီမြို့၊  The Laguna Resort and Spa ၌ ပြုလုပ်သည့် (၄၅) ကြိမ်မြောက် အာရှ - ဥရောပ ဖောင်ဒေးရှင်း၏ အုပ်ချုပ်ရေးမှူးများ အစည်းအဝေးသို့ ၁၁-၇-၂၀၂၄ ရက်နှင့် ၁၂-၇-၂၀၂၄ ရက်တို့တွင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာရှ - ဥရောပဖောင်ဒေးရှင်း၊ အုပ်ချုပ်ရေးမှူးများအဖွဲ့ (Board of Governors) ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အုပ်ချုပ်ရေးမှူး Mr. Md Rais Hasan SAROWER က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံများမှ အုပ်ချုပ်ရေးမှူးများနှင့် ကိုယ်စားလှယ်များ၊ ASEF မှ အမှုဆောင်ညွှန်ကြားရေးမှူး Ambassador MORIKAWA Toru နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ပါဝင်တက်ရောက်ခဲ့ကြသည်။ 

အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ လာမည့်လေးနှစ်သက်တမ်းအတွက် တာဝန်ထမ်းဆောင်မည့် အာရှ-ဥရောပဖောင်ဒေးရှင်း၏ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးတို့ကို အတည်ပြုခန့်အပ်ခဲ့ပြီး၊ ASEF ၏ သုံးနှစ်တာ မဟာဗျူဟာ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ ASEF ၏ ဆက်သွယ်ရေး၊ လူသားအရင်းအမြစ်၊ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများ၊ ၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်မည့်  စီမံကိန်းအဆိုပြုလွှာများနှင့် ASEF ၏ ဥပဒေရေးရာမူဘောင် ပြင်ဆင်ရေး အစရှိသည့် အကြောင်းအရာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)