မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ ရေကြည် ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ ရေကြည် ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း


နေပြည်တော်၊ ဇူလိုင် ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ ရေကြည်ကျေးရွာ အတွင်းသို့ ယနေ့နံနက်ပိုင်းတွင် ရေများ ၆ ပေခန့်ဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် နေရာများသို့ ယမန်နေ့က နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၅၀ စုခန့်၊ လူဦးရေ ၃၈၀ ခန့်တို့အား ရေဘေးကင်းလွတ်ရာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ ကူညီရွှေ့ပြောင်းပေးပြီး လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)