ပုသိမ်မြို့၊ အမှတ်(၁၂)ရပ်ကွက်ရှိ ယာယီရေဘေးရှောင်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေနှင့် ကာဘော်လစ်ဆပ်ပြာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့၊ အမှတ်(၁၂)ရပ်ကွက်ရှိ ယာယီရေဘေးရှောင်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေနှင့် ကာဘော်လစ်ဆပ်ပြာများ ထောက်ပံ့ပေးအပ်


ပုသိမ်၊ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁၂)ရပ်ကွက်တွင် င၀န်မြစ်​ရေမြင့်တက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှု​တို့ကြောင့် ​ရွှေ့ပြောင်းနေထိုင်ခဲ့သည့် ယာယီရေဘေးရှောင်အိမ်‌ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေနှင့် ကာဘော်လစ်ဆပ်ပြာများအား ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။

​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်း​ဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ၊ ပုသိမ်ခရိုင်မီးသတ်ဦးစီးဌာန၊ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၁၂)ရပ်ကွက်တွင် င၀န်မြစ်ရေမြင့်တက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှု​တို့ကြောင့် လေးကျွန်းရန်​အောင်​ဖောင်တော်ဦးဘုရား၀န်းရှိ သုဓမ္မာဇရပ်သို့ ယာယီ​ရေ​ဘေး​ရှောင်​ပြောင်း​ရွှေ့နေထိုင်ရသည့်​ ရေ၀င်နစ်မြုပ်အိမ်​ခြေ(၁၃)လုံး၊ အိမ်​ထောင်စု(၁၃)စုအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့ငွေကျပ် (၁၁၃၄၀ဝိ/-)နှင့် ကာ​ဘော်လစ်ဆပ်ပြာ (၁၃)​တောင့်တို့အား ​ရေဘေးသင့်ပြည်သူများ လက်၀ယ်သို့အရောက် ​ကွင်းဆင်းထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)