မိုးယွန်းကြီး အင်းတောရိုင်း တိရိစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ် ဥယျာဉ်တည်ထောင်နိုင်ရေး သဘောထားရယူဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးယွန်းကြီး အင်းတောရိုင်း တိရိစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ် ဥယျာဉ်တည်ထောင်နိုင်ရေး သဘောထားရယူဆောင်ရွက်




ဝေါ၊ ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်တို့အတွင်းရှိ မိုးယွန်းကြီးအင်းတောရိုင်း တိရိစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ် ဥယျာဉ်တည်ထောင်နိုင်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အာဆီယံဇီဝမျိုးစုံမျိုးကွဲဌာန(ASEAN Center for Bioiversity-ACB)နှင့် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရသည်။

ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်တို့အတွင်းရှိ မိုးယွန်းကြီးအင်းတောရိုင်း တိရိစ္ဆာန်ဘေးမဲ့ တောအား အာဆီယံအမွေအနှစ် ဥယျာဉ်တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်းပြီး  ကောင်းစွာကြိုတင်အသိပေး၍ လွတ်လပ်သော သဘောထားရယူခြင်းကို ယမန်နေ့က မိုးယွန်းကြီးအင်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောအတွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မိုးယွန်းကြီးအင်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာနအနေဖြင့် ပုပ္ပါးတောင်ဥယျာဉ်၊ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် မိုးယွန်းကြီးဘေးမဲ့တောတို့ကို ထပ်တိုး အာဆီယံအမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ခံရရေး စတင်ဆောင်ရွက်လျက်ရှိကြောင်း  မိုးယွန်းကြီး ဘေးမဲ့တောနှင့် ပတ်သက်၍ ပဲခူးမြို့နယ်၊ ဝေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအနေဖြင့် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် အဆိုပြုလုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများမှာ ပါဝင်ကူညီပေးနိုင်ဖို့ ဖိတ်ခေါ်ကြောင်းနှင့် သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ သဘာဝနယ်မြေ များကို စနစ်တကျ စီမံအုပ်ချုပ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဒေသခံပြည်သူနှင့် ဆက်စပ်ဌာန ဆိုင်ရာများရဲ့ ပူးပေါင်းပါဝင်မှုတွေကို လှိုက်လှဲစွာကြိုဆိုကြောင်းနှင့် အာဆီယံဇီဝမျိုးစုံမျိုးကွဲ ဗဟိုဌာန(KFW MERN)တို့ရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားပြီး၊ သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန (နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိန်ဝင်းထွန်းက အာဆီယံအမွေ အနှစ် ဥယျာဉ်တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်းပြီး အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။

အဆိုပါဆွေးနွေးမှုနှင့်ပတ်သက်၍ မိုးယွန်းကြီးအင်းတောရိုင်း တိရိစ္ဆာန်ဘေးမဲ့တောတွင်  အာဆီယံအမွေအနှစ် ဥယျာဉ်တည်ထောင်နိုင်ရေးနှင့်စပ်လျဉ်းပြီး ဒေသခံပြည်သူများနှင့် ခရီးသွား ဧည့်သည်များမှာ အပန်းဖြေသွားလာခြင်းများ၊ လေ့လာကြည့်ရှုမှုများရှိပြီး မိုးယွန်းကြီးအင်းအတွင်း နို့တိုက်သတ္တဝါ(၁၂၀)မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ(၂၈)မျိုး၊ အင်းဆက်(၃၃)မျိုး၊ ဆောင်းခို ငှက်(၅၉)မျိုး၊ ဌာနေငှက်(၇၇)မျိုး၊ ငါး(၄၄)မျိုးနှင့် ရေနေပင်((၇၄)မျိုးရှိကြောင်း သိရသည်။


စိုးမိုး

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)