တာမွေမြို့နယ်၌ မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 






တာမွေ     ၊   ဇူလိုင်     ၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားနေမှုနှင့် စပ်လျဉ်း၍ ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် “ ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ အများဆုံးဖြစ်ပေါ်နေပြီး ခရိုင်အလိုက်ကြည့်ပါက ဗိုလ်တထောင်ခရိုင်တွင် အများဆုံးဖြစ်ပွားလျက်ရှိပါကြောင်း၊ မိမိတို့ တာမွေမြို့နယ်မှာလည်း ၂၀၂၄-ခုနှစ် ဇွန်လ (၂၃)ရက်နေ့မှ စတင်၍ ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပါကြောင်း၊ မိမိတို့မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီအနေဖြင့် အဆိုပါရောဂါဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့အထိ တာမွေမြို့နယ်၌ ၂၀၂၄-ခုနှစ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားသူ(၁၁)ဦးထိရှိလာခဲ့ပြီ မြို့နယ်အတွင်း ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ အစည်းအဝေး သို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ အနေဖြင့်လည်း ပတ်ဝန်းကျင်တွင် ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများရှိလာပါက မိမိတို့ လုပ်ငန်းကော်မတီကို အချိန်နှင့်တစ်ပြေးညီ တင်ပြကြဖို့ များစွာလိုအပ်ပါကြောင်း၊ ဒါ့အပြင် ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ အားတက်သရော ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း ” စသည်ဖြင့် ပြောကြား ခဲ့သည်။ 


ဆက်လက်၍ မြို့နယ်ဝမ်းပျက်/ ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်စန္ဒာအေးကလည်း ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ ရောဂါပိုး ကူးစက်ပုံ၊ ရောဂါလက္ခဏာများ၊ ရောဂါကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို အသေးစိတ် အသိပညာပေး ရှင်းလင်းပြောကြား ခဲ့သည်။ 


ထို့နောက် တက်ရောက်လာကြသူများက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ သိရှိလို သည်များကို မေးမြန်းဆွေးနွေးတင်ပြခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် လူမှုရေးအဖွဲ့အစည်းများသို့ ထောက်ပံ့သော အားဖြည့်ဓာတ်အားထုပ်များ၊ ကလိုရင်းအမှုန့်များနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား မြို့နယ်ဝမ်းပျက်/ ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိပါသည်။



နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)