ချောင်းဆုံမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်



ချောင်းဆုံ၊ ဇူလိုင် ၁၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ(၁၂)ရက်နေ့က မုဒွန်း(အ.ထ.က)ကျောင်းတွင် ဒေသခံများနှင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိဦးသန့်ရှင်းရွှေနှင့်ဝန်ထမ်းများမှ အသက်(၁၀)နှစ်ပြည့်ပြီးသူ နိုင်(၃)က ကျား(၃၃)ဦးနှင့်မ(၁၈)ဦး စုစုပေါင်း(၅၁)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ချက်ချင်းပြုလုပ်ပေးခဲ့ကြပြီး တာဝန်ရှိသူများမှ ကျောင်းသား/သူများနှင့် ပြည်သူများ လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့်ကျေးရွာများတွင်လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကိုကျော်(ချောင်းဆုံ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)