ငါးသိုင်းချောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်




ငါးသိုင်းချောင်း ၊ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး ၊ ငါးသိုင်းချောင်း မြို့တွင် သဘာဝဘေး(ရေဘေး) အန္တရာယ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ငါးသိုင်းချောင်း မြို့၊မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဌာန၊သယံဇာတဝန်ကြီး ဦးအုန်းမြင့်က ငါးသိုင်းချောင်း မြို့အတွင်းရှိရေကြီးနိုင်သည့် နေရာများကိုမဖြစ်ခင်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ တာဘောင်များခိုင်ခံ့မှုရှိစေရေးအတွက်အမြဲစစ်ဆေးဆောင်ရွက်ထားကြရန်၊ရေကင်းများချထားပြီး(၂)နာရီ လျှင်တစ်ကြိမ် အထက်အဆင့်ဆင့်သို့သတင်းပေးပို့ဆောင်ရွက်ကြရန်ဌာနဆိုင်ရာများမှရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန် မှာကြားဆွေးနွေးပြီး တာဝန်ရှိသူများတင်ပြချက်များအပေါ်  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဌာန၊ သယံဇာတဝန်ကြီး ဦးအုန်းမြင့်နှင့်တာဝန်ရှိသူများ၊ ရေကြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်နှင့် မြို့ရေဘေးကြိုတင်ကာကွယ်ရေး ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)