စက်မှုဇုန်များရှိ အထည်ချုပ်စက်ရုံများ အော်ဒါရရှိမှုပိုများနေသော်လည်း လုပ်သားလိုအပ်ချက်ရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်မှုဇုန်များရှိ အထည်ချုပ်စက်ရုံများ အော်ဒါရရှိမှုပိုများနေသော်လည်း လုပ်သားလိုအပ်ချက်ရှိနေ


ရန်ကုန်၊ ဇူလိုင် ၃၁

စက်မှုဇုန်များရှိ အထည်ချုပ်စက်ရုံများအနေဖြင့် ယခင်ထက် အော်ဒါရရှိမှုပိုများနေသော်လည်း လုပ်သားရှားပါးမှုရှိနေကြောင်း အချက်အလက်များအရ သိရသည်။

ထိုသို့ လုပ်သားလိုအပ်ချက်ရှိနေသည့်အတွက် အလုပ်လုပ်ကိုင်လိုသူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းရရှိနိုင်သည့် အနေအထားလည်းဖြစ်ကြောင်း သိရသည်။

“အထည်ချုပ်စက်ရုံတွေအနေနဲ့ အော်ဒါရရှိမှုကတော့ ကောင်းတယ်။ ဘင်္ဂလားဒေ့ရှ်အော်ဒါက ကျွန်တော်တို့ဆီရောက်လာတာ နည်းနည်းပါးပါးမဟုတ်ဘူး။ အများကြီး သိန်းချီပြီးရောက်လာတယ်။ အော်ဒါရရှိမှုက အရင်ထက်ပိုရရှိတယ်။ အော်ဒါရရှိမှုအနေနဲ့က အရင်တော့လေးလတစ်ဖြတ်စီပေးတယ်။ အခုတော့ယူနိုင်တယ်ဆိုရင် တစ်နှစ်စာလည်းပေး တယ်”ဟု အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အထည်ချုပ်စက်ရုံများအနေဖြင့် ယင်းကဲ့သို ပြည်ပမှအော်ဒါရရှိမှု အခွင့်အလမ်းပိုများသော်လည်း ယခုလက်ရှိတွင် စက်ရုံလုပ်သားများအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခြင်းများရှိနေပြီး တရားမဝင်သွားရောက်သူများလည်းရှိနေကြောင်း သိရသည်။

“အော်ဒါကောင်းပေမယ့် လူမရှိရင်အခက်အခဲရှိတယ်။ အော်ဒါရရှိမှုက အရင်ထက်ပိုရရှိ ပြီးတော့ လုပ်သားရှားပါးမှုတွေရှိနေတယ်။ အခက်အခဲတွေရှိလာတယ်။ အခုတရုတ်ပြည် နယ်စပ် မှာစက်မှုဇုန်တွေ တည်နေတော့ တရားမဝင်နဲ့သွားနေတာ။ တရားမဝင်လာတဲ့သူကို တကယ်လုပ်တတ်တဲ့သူတွေကို ချပြတယ်၊ လုပ်နိုင်တယ်၊ လုပ်ခိုင်းတယ်၊ နေဖို့၊ စားဖို့အကုန်ပေးတယ်။ တရားမဝင်နဲ့သွားကြတာများတယ်။ တရားမဝင်သွားတော့ Passport လည်းမလိုဘူးပေါ့” ဟု ၎င်းက ပြောသည်။

အထည်ချုပ်စက်ရုံများအနေဖြင့် လုပ်သားလိုအပ်ချက်ရှိနေသည့်အပေါ် အလုပ်သမားများအနေဖြင့် လာရောက်လုပ်ကိုင်စေလိုပြီး အခွင့်အလမ်းများလည်း ရှိနေကြောင်း အထည်ချုပ်စက်ရုံ တစ်ရုံမှ HR မန်နေဂျာတစ်ဦးက ပြောသည်။

“အခုက လုပ်သားလိုအပ်နေ တာဆိုတော့လာပြီးလုပ်စေချင်ပါတယ်။ အခွင့်အလမ်းတွေလည်းရှိတယ်။ ဒါကြောင့် တချို့ဆိုရင် နယ်ကအမျိုးတွေကို ပြန်ခေါ်တာမျိုးတွေရှိတယ်။ တချို့က စက်ရုံထဲမှာတင်ကိုယ့်ညီမတွေ၊ အစ်မ တွေကိုခေါ်တာမျိုးပေါ့” ဟု ၎င်းက ပြောသည်။


MT

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)