ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ပစ္စည်းသိုလှောင်ရေးစတိုနှင့် ဓာတ်အားဖြန့်ဖြူးရေးဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ပစ္စည်းသိုလှောင်ရေးစတိုနှင့် ဓာတ်အားဖြန့်ဖြူးရေးဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇူလိုင် ၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ပစ္စည်းသိုလှောင်ရေးစတိုနှင့် ဓာတ်အားဖြန့်ဖြူးရေးဌာန လက်အောက်ရှိ ထရန်စဖော်မာပြုပြင်ရေးဌာနခွဲ၊ မြေအောက်ဓာတ်ကြိုးဌာနခွဲ၊ ကောင်းကင်ဓာတ်အားလိုင်းဌာနခွဲနှင့် လမ်းမီးဌာနခွဲတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပစ္စည်းသိုလှောင်ရေးစတိုသို့ရောက်ရှိရာ စတိုတာဝန်ခံများက ပစ္စည်းများသိုလှောင်၊ ထိန်းသိမ်း၊ ထုတ်ပေး၊ လက်ကျန်အခြေအနေနှင့် စာရင်းဇယားများ ပြုစုထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လေလံတင်ရမည့်ပစ္စည်းများကို အမြန်ဆုံးဆောင်ရွက်သွားရန်၊ ဘတ်ဂျက်လျာထားရာတွင်လည်း ပိုလျှံပစ္စည်းများကို ဦးစားပေးအသုံးပြုရန်နှင့်စတိုမှ ပစ္စည်းလက်ကျန်မရှိမှသာ ဝယ်ယူရေးဆောင်ရွက်သွားရန်၊ စတိုအတွင်းပစ္စည်းများထားသိုမှုကို စနစ်တကျမှတ်တမ်းရေးသွင်းထားရှိရန်၊ နှစ်ကာလကြာ အထုတ်၊ အသွင်းမရှိသည့်ပစ္စည်းများကိုလည်း အဖွဲ့ဖွဲ့၍ စနစ်တကျစစ်ဆေးဆောင်ရွက်ပြီး ၎င်းတို့က ဆယ်တင်အသုံးပြုနိုင်သောပစ္စည်းနှင့် ဖျက်ဆီးသင့်သည့်ပစ္စည်းများကိုခွဲ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စတိုအတွင်း ထိန်းသိမ်းထားရှိသည့် လုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ ဖြန့်ခွဲနေရာချထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားဖြန့်ဖြူးရေးဌာနလက်အောက်ရှိ ထရန်စဖော်မာပြုပြင်ရေးဌာနခွဲ၊ မြေအောက်ဓာတ်ကြိုး ဌာနခွဲ၊ ကောင်းကင်ဓာတ်အားလိုင်းဌာနခွဲနှင့် လမ်းမီးဌာနခွဲတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ထရန်စဖော်မာများကို ပြုပြင်ပြီးစီးသည်နှင့် သုံးစွဲရန် သင့်၊ မသင့် စစ်ဆေးချက်များကို ဆောင်ရွက်သွားရန်၊ မလိုအပ်သောပစ္စည်းများကို လေလံတင်ရောင်းချသွားရန်နှင့် ဖွဲ့စည်းထားသည့်ဌာနများသည် အရေးပေါ်ပြုပြင်ရန်လိုအပ်ချိန်တွင် အသင့်ထွက်ခွာပြင်ဆင်နိုင်ရေး လူ၊ ပစ္စည်းများကို အမြဲအသင့်ဖြစ်စေရေး စုဖွဲ့ထားရှိရန်လိုအပ်ကြောင်း မှာကြားသည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)