နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံ ကြည့်ရှုစစ်ဆေးပြီး ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံ ကြည့်ရှုစစ်ဆေးပြီး ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့




မြစ်ကြီးနား၊ ဇူလိုင် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံတို့သို့သွားရောက်ပြီး မြစ်ကြီးနားခရိုင်အတွင်း ဖြစ်ပွားခဲ့သည့်ရေကြီးရေလျှံမှုကြောင့် ဘေးသင့်ခဲ့သူများအားထောက်ပံ့ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကပေးပို့ထားသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့်၊ သိုလှောင်ရုံ အတွင်းပစ္စည်းများ သိုလှောင်ထားရှိမှု၊ ကယ်ဆယ်ထောက်ပံ့မှု လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မဲခေါင်-လန်ချန်းရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်းသို့ရောက်ရှိပြီး သင်တန်းဖွင့်လှစ်ရန် စီစဉ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ပေါ်ရှိ မြေမြင့်ရပ်ကွက်ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းသို့ သွားရောက်ပြီးဆန်ရိက္ခာ၊ ငါးသေတ္တာဘူး၊ အဝတ်အထည်၊ သွားတိုက်ဆေး၊ သွားတိုက်တံ စသည့်ထောက်ပံ့ရေးပစ္စည်းများကိုပေးအပ်၍ ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို မေးမြန်းကာ ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားသည်။       

ယင်းနောက် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် သာသနာ့ရံသီ ဘုန်းတော်ကြီးကျောင်းရှိ ရေဘေး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ရေဘေးသင့်ပြည်သူများ၏ လတ်တလောစားသောက်နေထိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတို့ကိုမေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းနှင့်မနောအိမ်တော်တို့သို့ရောက်ရှိပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ထို့နောက် မြစ်ကြီးနားတက္ကသိုလ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြပြီး ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွင်းသို့ရောက်ရှိရာ တာဝန်ရှိသူများက ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးထားသော သီးနှံစိုက်ခင်းများ ရေနစ်မြုပ်မှုအခြေအနေနှင့် ပြန်လည်စိုက်ပျိုးရန် စီမံဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)