ဇမ္ဗူသီရိ ၊ ဇူလိုင် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့မွန်းလွဲပိုင်းက (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ရီက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်နေ့ကို မမေ့လျော့စေရန် ယခုလိုအသိပညာပေးဟောပြောပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ လက်ထောက်မူလတန်းပြဆရာမ ဒေါ်စိမ်းဝင့်လယ်လယ်သိန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နီလာစိုးက မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရအောင် အသက်ပေးပြီးစွမ်းဆောင်ကြိုးပမ်းခဲ့ကြသည့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ကျေးဇူးတရားများကို အမြဲအောက်မေ့သတိရနေစေရန်စသည့် အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment