မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်





မကွေး  ၊ ဇူလိုင် ၃


မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ အချိန်ကာလအလျောက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျပြုလုပ်ထားနိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာသည့် အခြေအနေတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေးလုပ်ငန်းများကို လျင်မြန်စွာနှင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယခု အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ မေလ (၁၄/၁၅) ရက်များတွင် ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းဝင်ရောက်မှုတွင် လုပ်ငန်းအဖွဲ့များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်းတွေ့ရှိရသည့်အတွက် သဘာဝဘေးဖြစ်ပေါ်လာပါက လုပ်ငန်းအဖွဲ့များအနေဖြင့် မိမိကဏ္ဍအလိုက် ဆောင်ရွက် ရမည့် လုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်ကြရန်ပြောလိုကြောင်း၊ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့စဉ်အခါက ပြည်ထောင်စုတွင် DMC ရုံးအဖွဲ့ဖွဲ့စည်းခဲ့ပြီး ပူးပေါင်းအဖွဲ့များ (၂၄)နာရီ တာဝန်ချထားပြီး ဆောင်ရွက်ခဲ့သဖြင့် အချိန်တိုအတွင်း အချက်အလက်ရရှိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးတွင် DMC အဖွဲ့ ဖွဲ့စည်းထားသော်လည်း အချို့ဌာနများမှ ပူးပေါင်းဆောင်ရွက်မှု အားနည်းပြီး ဌာနအကြီးအကဲအနေဖြင့် ကြီးကြပ်ဆောင်ရွက်မှုအားနည်းသဖြင့် လုပ်ငန်းကြန့်ကြာမှုများ၊ အချက်အလက်မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ လုပ်ငန်းအဖွဲ့(၁၂)ရပ်အလိုက် မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍများအတွက် လူ၊ ပစ္စည်းကြိုတင်စုဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ မြေပြင်သတင်းအချက်အလက်များရယူခြင်းတွင်(ဘေးဖြစ်တတ်သည့် ဒေသများ၊ ရွှေ့ပြောင်းရန် ကြိုတင်ပြင်ဆင်မှုများ၊ ရွှေ့ပြောင်းမှုအစီအစဉ်၊ ထောက်ပံ့မည့်အစီအစဉ်)သက်ဆိုင်ရာ ခရိုင်/မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားသော်လည်း လက်တွေ့ဆောင်ရွက်ရာတွင် အားနည်းမှုများ တွေ့ရှိရသဖြင့် အဖွဲ့အနေဖြင့် လုပ်ငန်းတာဝန်ကို ပီပြင်စွာ ဆောင်ရွက်နိုင်ရေးကြီးကြပ်ဆောင်ရွက်သင့်ကြောင်း၊ ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိသည့် ဒေသများအနေဖြင့် လူ၊ တိရိစ္ဆာန်များ ဘေးလွတ်ရာရွှေ့ပြောင်းရေး ကို ဦးစားပေးဆောင်ရွက်ရန်နှင့် ရွှေ့ပြောင်းရာတွင် လိုအပ်သည့် ယာဉ်များအား ကြိုတင်စီစဉ်စုဖွဲ့ထားခြင်း အရေးပေါ်လိုအပ်သည့် ရိက္ခာများ စုဆောင်းခြင်းတို့ကို မြေပြင်နှင့် ကိုက်ညီသည့် စီမံချက်ပြုစု၍ အမြန်ဆုံးဆောင်ရွက်ကြရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် တည်မြဲအမိန့်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီများ ပေါင်းစပ်၍ စနစ်တကျစီမံဆောင်ရွက်သွားရမှာဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးဆောင်ရွက်သင့်သည့် ကိစ္စများနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုအဖွဲ့နှင့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အရေးပေါ်တုံ့ပြန်ရေးဆောင်ရွက်ထားရှိသည့် အစီအမံများကို လုပ်ငန်းကော်မတီများမှ ရှင်းလင်းတင်ပြခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များမှ မိမိတို့သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အခြားလိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ်ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)