ပြည်ဖျက် အကြမ်းဖက်အဖွဲ့များ ပူးပေါင်းကာ နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက် အကြမ်းဖက်အဖွဲ့များ ပူးပေါင်းကာ နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက်

 


ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်ပသြဇာခံ NLDပါတီမှ ပေါက်ဖွားလာသော NUG, CRPH, PDF ပြည်ဖျက် အကြမ်းဖက်အဖွဲ့များ ပူးပေါင်းကာ နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက်


ရက်စွဲ ။ ။ ၁၃၈၆ ခုနှစ် ဝါဆိုလဆန်း( ၆) ရက်

၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၁ )ရက် ကြာသပတေးနေ့

စာအမှတ် ။ ။ ၈/မမရသ /၂၀၂၄


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသား ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများအား မွေးမြူထား သော ရလာဒ်သည် ယခုအခါ ပြည်ပသြဇာခံ ပြည်တွင်းသစ္စာဖောက် လောက်ကောင်များ၏ အသုံးချခံများအဖြစ် အင်အား တရပ် တည်ဆောက်ကာ နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေးအတွက် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေးတို့ကိုပါ ထိပါးစော်ကား တိုက်ခိုက် နေကြသည်မှာ ဒိဋ္ဌဧကန် အမှန်ပင်ဖြစ်သည်။

စာသင်ကျောင်းများ၊ ဆေးရုံများကို ဖျက်ဆီးတိုက်ခိုက်ရုံတင်သာမကပဲ နိုင်ငံတော်၏ ပညာရေးဝန်ထမ်းများ၊ ကျမ်းမာရေး ဝန်ထမ်းများအပြင် နိုင်ငံတော်၏ ဝန်ထမ်းအားလုံးတို့၏ အသက်အိုးအိမ် စည်းစိမ်များပါ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ကျောင်းသူ/ ကျောင်းသား ကလေးငယ်များပါ လုပ်ကြံသတ်ဖြတ် ခံခဲ့ရသည်။ ဒါ့အပြင် ဗုဒ္ဓဘာသာဝင်တို့၏ အသဲနှလုံးဖြစ်သော ဘုရားစေတီများ ဖျက်ဆီးခံရခြင်း၊ ရဟန်းသံဃာ၊ ကိုရင်၊ သီလရှင် များပါမကျန် ဖျက်ဆီးစော်ကား ပစ်ခတ်သတ်ဖြတ် ခံခဲ့ရသည်။

၂။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို တာဝန်ယူဆောင်ရွက်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အစိုးရ ၏ လူသားချင်းစာနာမှု၊ မေတ္တာတရားကြီးမားမှု၊ ခွင့်လွှတ်သည်းခံမှုနှင့် ပြည်ဖျက် ရန်သူ ပြည်ပသြဇာခံပြည်တွင်းသစ္စာဖောက် လောက်ကောင်များအား တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များနှင့် ချိတ်ဆက်နိုင်စေရန် ခွင့်ပြုပေးမှုတို့ ကြောင့် လက်ရှိနိုင်ငံတော်နှင့် နိုင်ငံသားအားလုံးသည် မဆုံးရှုံးသင့်သည်များ ဆုံးရှုံးနစ်နာခဲ့ကြရပြီး လမ်း၊ တံတားများ ရာနှင့်ချီ ဖျက်ဆီးခံခဲ့ရသည်။

လူကို လူလိုမြင်စေချင်ရင် လူက လူလိုကျင့်ရမည်ဖြစ်သည်။ လူက လူလိုမကျင့်သည်ကို လူလို့ သတ်မှတ်ပြီး လွှတ်ပေးထား သည့်အတွက် နိုင်ငံတော်၏ တန်ဖိုးရှိသော အရာများ ဆုံးရှုံးလိုက်ရသည် မဟုတ်ပါလော။ အစကောင်းခဲ့လျှင် အနှောင်းသေချာသည်ဖြစ်သော်လည်း အစကတည်းက မကောင်းခဲ့သည့်အတွက် အဆိုးကံကြမ္မာနှင့် နိုင်ငံတော်၏ ဝန်ထမ်းကောင်းများနှင့်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို လိုလား သော ရဟန်းရှင်လူပြည်သူများ၏ အသက်တွေပါ ဆုံးရှုံး ပေးဆပ်လိုက်ရသည်။

၃။ NLDပါတီမှ ပေါက်ပွားလာသော NUG, CRPH, PDF အကြမ်းဖက် လူသတ်  ပြည်တွင်းသစ္စာဖောက် လောက်ကောင် များနှင့် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်သူပုန်များ၏ ပြည်ထောင်စုကြီး အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်နေမှုများ အား မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုံ့ချသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)အစိုးရအဖွဲ့ကြီးအနေဖြင့် မိတ်ဆွေအဖြစ် လက်တွဲခေါ်ယူလို့မရသည့် ရန်သူများအပေါ် မိတ်ဆွေစိတ် မထားဘဲ ရန်သူကို ရန်သူလိုမြင်ကာ ပြတ်ပြတ်သားသား လုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်း သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)