ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ရောက်ရန် တဖြည်းဖြည်းနီးကပ်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ရောက်ရန် တဖြည်းဖြည်းနီးကပ်လာ


ပခုက္ကူ၊ ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၁၁၇ စင်တီမီတာသို့ရောက်ရှိနေပြီး ပခုက္ကူမြို့ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာသို့နီးကပ်နေပြီဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပခုက္ကူမြို့ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာသို့ တဖြည်းဖြည်းမြင့်တက်လျက်ရှိကြောင်း၊  ဧရာဝတီမြစ်‌ရေမှတ် စိုးရိမ်ရေမှတ်ရောက်ရှိရန်  ၃၃စင်တီမီတာ သာလိုတော့ကြောင်း၊ ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေမှတ် တိုင်းထွာခြင်းလုပ်ငန်းအား တစ်ရက်လျှင်သုံးကြိမ်ခန့်ဆောင်ရွက်လျက်ရှိပြီး မြစ်ကမ်းဘေးနေပြည်သူများ ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ၊သတိရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊ ရေကျမှုအခြေအနေများအား နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)  

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)