မှော်ဘီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ




မှော်ဘီ  ၊   ဇူလိုင်      ၁၃

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နံနက်၉နာရီကအခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း (ညောင်နှစ်ပင်)သီတာဆောင် ခန်းမ ၌ ကျင်းပသည်။

ရှေးဦးစွာလူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှဦးစီးအရာရှိဦးစန်းဝင်းကအမှာစကားပြောကြား ခြင်း၊မှော်ဘီခရိုင်အားကစားတာဝန်ခံဒေါ်လဲ့လဲ့လွင်ကအားကစားပြုလုပ်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများကိုပြောကြားပြီးမှော်ဘီမြို့နယ်Book Clubအဖွဲ့အတွင်းရေးမှူးစာရေးဆရာဝင်းနွယ် (ပုသိမ်)မှလွမ်းရိပ်ဝေစည်အာဇာနည်ဟူသောခေါင်းစဉ်ဖြင့်သိကောင်းစရာများကိုအကျယ်တဝင့်ဆွေးနွေးကာအ.ထ.က(ညောင်နှစ်ပင်)ကျောင်းမှကျောင်းအုပ်ဆရာကြီးဒေါက်တာစိုးလင်းထွန်းကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါလူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသောဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခင်းကျင်းပြသ ထားသော နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ တို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)