ပေါင်မြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်





ပေါင်၊ ဇူလိုင် ၃၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝါရီရူခန်းမ ၌လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပခြင်းကို ဇူလိုင်လ (၃၁) ရက်နေ့ နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးရဲနိုင် က ‌ပေါင်မြို့နယ်အနေဖြင့်  စားရေရိက္ခာဖူလုံရေးအတွက်  စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုအလေးထားဆောင်ရွက်ရန် ၊  ဆန်စပါးနှင့်ဆီထွက်သီးနှံများကိုလည်း လျာထားချက်အတိုင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြဖို့လိုအပ်ပါကြောင်း ၊ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် အချိန်မီပြုပြင်‌‌ ဆောင်ရွက်ကြဖို့လိုအပ်ပါ ကြောင်း ၊ မိုးသည်းထန်၍ရေဝင်နေသော စာသင်ကျောင်းများကိုလည်း ရေကျချိန်တွင်ပြန်လည်ဖွင့်လှစ်နိုင်ရန် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယရဲမှူးကြီးစိုးပိုင် က ပေါင်မြို့နယ်အနေဖြင့် ယာဉ်မ တော်‌တစ်ဆ အဖြစ်များသည့်အတွက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို စနစ်တကျသွားလာကြပါရန် နှင့်မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုများကို မဖြစ်ပေါ်စေရန်   ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကိုလိုက်နာပြီးနေထိုင်သွားလာကြရန်လိုအပ်ပါကြောင်းပြောကြားခဲ့သည်။ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးသန့်ဇင်ထွန်း က မိမိလုံခြုံရေး၊ရုံးလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသောမြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများက သိလိုသည်များကိုမေးမြန်းခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲနိုင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် တို့က ပြန်လည်ဖြေကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


မွန်မလေး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)