ပဲခူး၊ ဇူလိုင် ၂၇
ပဲခူးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များဖြစ်သော ကျွန်းသာယာ၊ မြို့သစ်၊ ကျောက်ကြီးစု၊ ပြင်စီ၊ ရွာသစ်၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ကလျာဏီရပ်ကွက်တို့အတွင်း ရေဝင်လျက်ရှိပြီး ပဲခူးမြစ်ရေသည် ယနေ့ နေ့လယ် ၁၁ နာရီ တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် ၈၈၈ စင်တီမီတာအထက် ၉၂၆ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
မြစ်ရေကြီးမှု အန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အရန်သင့်စီစဉ်ထားရှိကြောင်းနှင့် လက်ရှိတွင် မြစ်ရေများ အဆတ်မပြတ် ဝင်ရောက်လျက်ရှိသော ရပ်ကွက်များအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျောက်ကြီးစုတာနှင့် ပန်းလှိုင်တာတို့အား တာဘောင်များကြံ့ခိုင်ရေးနှင့် ရေကျော်မှုဖြစ်ပါက ကြိုတင်ကာ ကွယ်ရေးအတွက် သဲအိတ်များကာရံခြင်းအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်
#MyanmarNationalPost
No comments:
Post a Comment