မင်းကင်းမြို့တွင် ရေဘေးသင့်အိမ်ထောင်စု (၁၈၅)စုအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းကင်းမြို့တွင် ရေဘေးသင့်အိမ်ထောင်စု (၁၈၅)စုအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်


မင်းကင်း၊ ဇူလိုင် ၂၇

စစ်ကိုင်း‌တိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ ပြောင်းရွှေ့ခဲ့ရသော ရေဘေးသင့်အိမ်ထောင်စုများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်ရိက္ခာပေးအပ်ပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ယွန်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက အားပေးစကားပြောကြားပြီးနောက် အမှတ်(၃)ရပ်ကွက်နှင့် ကျေးတောင်ဦးကျေးရွာတို့မှ ထောက်ပံ့ရန်လိုအပ်သည့် အိမ်ထောင်စု (၁၈၅)စုတို့အား တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့က အသီးသီး‌ပေးအပ်ခဲ့ကြသည်။

အဆိုပါ ဆန်ရိက္ခာထောက်ပံ့ရာတွင် အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည်နှုန်းဖြင့် အိမ်ထောင်စု (၁၈၅)စုအတွက် ဆန် (၁၁)တင်း (၉) ပြည် စုစုပေါင်းတန်ဖိုးငွေ ကျပ်ငါးသိန်းတိတိကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)