ရန်ကုန်၊ ဇူလိုင် ၂၇
တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံရေးပါတီ (၄)ပါတီမှ ကိုယ်စားလှယ်များ ယနေ့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ခရီးစဉ်နှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုဥက္ကဋ္ဌ ဦးလှထွန်းက "တရုတ်ကွန်မြူနစ်ပါတီရဲ့ ရည်ရွယ်ချက်က သူတို့နဲ့ မြန်မာနိုင်ငံရေးပါတီများကြား ဆက်ဆံရေးတိုးတက်ခိုင်မာလာစေရန် ဖြစ်ပါတယ်။ နိုင်ငံရေးပါတီအားလုံး ဖိတ်ကြားဖို့အဆင်မပြေတဲ့အတွက် သင့်လျော်တဲ့ နိုင်ငံရေးပါတီ (၄)ခုကို ဖိတ်ကြားခဲ့တယ်ဆိုတာကိုလည်း သိရှိခဲ့ရပါတယ်။ တရုတ်ပြည်မှာ တိုးတက်မှုတွေ ရှိနေတာကို စာတွေ့အားဖြင့် အများကြီး သိရှိထားခဲ့ပေမယ့် လက်တွေ့ရောက်ရှိလေ့လာတဲ့အခါ တိုးတက်မှုတွေဟာ လွန်စွာမြန်ဆန်လှပြီး တစ်နှစ်၊ နှစ်နှစ် မရောက်ဖြစ်ခဲ့ရင် မမှတ်မိနိုင်လောက်အောင် တိုးတက်ပြောင်းလဲနေပါတယ်။ ဒီလိုတစ်နိုင်ငံလုံး တိုးတက်ပြောင်းလဲလာအောင် အဓိကမောင်းနှင်အားကတော့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဈေးကွက်စီးပွားရေးစနစ် တရုတ်လူမျိုးတွေရဲ့ အလုပ်ကြိုးစားလိုစိတ် နဲ့ ချမ်းသာလိုစိတ်တွေ ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။ အဓိက မောင်းနှင်အားထဲမှာ မပါပေမယ့် အဓိကကျတဲ့အချက်တစ်ခုကတော့ တရုတ်ပြည်မှာ လက်နက်ကိုင်သူပုန်မရှိတာပါပဲ။ ကျွန်တော်တို့နိုင်ငံနဲ့ လုံးဝကွာခြားတာက အဲဒီအချက်ပဲ ဖြစ်ပါတယ်။ တရုတ်ပြည်ကြီးက တိုးတက်နေပေမယ့် သူ့မှာလည်း ပြဿနာအချို့တော့ ရှိနေဆဲပါပဲ။" ဟု ရှင်းလင်းပြောဆိုသွားသည်။
ယနေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များသည် လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။
#MyanmarNationalPost
No comments:
Post a Comment