ပဲခူးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်နှင့် အဖွဲ့ဝင်များ ရွှေတောင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး ဖွင့်လှစ်သည့် ကိုယ်လုံပညာနှင့်ဓားသိုင်းသင်တန်းအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်နှင့် အဖွဲ့ဝင်များ ရွှေတောင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး ဖွင့်လှစ်သည့် ကိုယ်လုံပညာနှင့်ဓားသိုင်းသင်တန်းအား ကြည့်ရှုအားပေး




ရွှေတောင် ၊ ဇူလိုင်  ၁၆

ပဲခူးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်သည် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းမြင့်သီတာနှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင်နှင့် ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌများ လိုက်ပါလျက် ရွှေတောင်မြို့နယ်  အားကစားနှင့်ကာယပညာဦးစီးဌာန ၊မြို့နယ်အားကစားခန်းမတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး ဖွင့်လှစ်သည့် ကိုယ်လုံပညာနှင့်ဓားသိုင်းသင်တန်းသို့ ယမန်နေ့ နေ့လယ်ပိုင်းက လာရောက်ကြည့်ရှုအားပေးခဲ့သည်။

   ထိုသို့ ကြည့်ရှုအားပေးဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး၊အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းမြင့်သီတာက အမျိုးသမီးများအား ကိုယ်ခံပညာသင်တန်းများ ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး  သင်တန်းသူများက မြန်မာ့သိုင်း အခြေခံ(၆၃) ဘောင်း၊  မြန်မာ့ဓားလမ်းကြောင်း (၉)ချက် နှင့် ဂျူဒိုအခြေခံ ကျနည်း (၇)မျိုး၊ အခြေခံကျွမ်းထိုးနည်းနှင့် ဂျူဒို အခြေခံပေါက်နည်း စနစ်များကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။

   ထို့နောက်  ပဲခူးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်က သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ (၁)သိန်းကျပ် ပေးအပ်ခဲ့ပြီး အချိုရည်နှင့် မုန့်များ အာဟာရ ကျွေးမွေးထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းမြင့်သီတာက  ဂုဏ်ပြုချီးမြှင့် ငွေကျပ် (၂)သိန်းအား ထောက်ပံ့ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရသည်။

     အဆိုပါ သင်တန်းကို ပြည်ခရိုင် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးအေးသန်းနှင့်  ရွှေတောင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းမြအေးနှင့် အဖွဲ့ဝင်များ၊မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းများမှ တာဝန်ရှိသူများက ကြီးမှူး၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း    သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)