မြို့သစ် ၊ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့သစ်မြို့နယ်၊ တလုပ်ပင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံးအတွက် အတုယူမမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်း နှင့်အာဇာနည် ခေါင်းဆောင်များ၏ အထ္ထုပ္ပတ္ထိအကြောင်းအရာအကျဥ်းများ၊ မြို့နယ်အဆင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဆရာကြီးဦးတင်မောင်ဝင်း၊ ဦးမြင့်ကြည်တို့မှ ကလေးအလုပ်သမား အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment