ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ရထားလမ်းနှင့်ကားလမ်း‌တို့ ရေကျော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ရထားလမ်းနှင့်ကားလမ်း‌တို့ ရေကျော်



ကျောင်းကုန်း၊ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ငဝန်မြစ်ရေမြင့်တက်လာမှုကြောင့် ပုသိမ်-ကြံခင်း မီးရထားလမ်းသည် ဂုန်မင်းအုပ်စု၊ ဂုန်မင်းကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၁၆၇/၂)နှင့်(၁၆၇/၆)ကြား၊ ရထားသံလမ်းပေါ်တွင်(၆)လက်မခန့်၊ အရှည်(၁)မိုင်ခန့်နှင့် လှည်းဆိပ်အုပ်စု၊ လှည်းဆိပ်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၁၆၀/၁၃)နှင့် (၁၆၀/၁၇)ကြား၊ ရထားသံလမ်းပေါ်တွင် (၆)လက်မခန့်၊ အရှည်(၂)ဖာလုံခန့် ရေကျော်လျက်ရှိပြီး၊ သက်ဆိုင်ရာဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ အမှတ်အသားစိုက်ထူခြင်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အလားတူ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းနှင့်ဒါးကကြား၊ ရန်ကုန်-ပုသိမ်ကားလမ်းမကြီး မိုင်တိုင်အမှတ်(၈၈/၂)နှင့်(၈၈/၃)ကြား၊ လမ်းအရှည် ပေ(၁၀၀)ခန့်၊ ရေ(၃)လက်မခန့်ကျော်နေသဖြင့် ခရီးသွားယာဉ်များ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် လမ်းအထူး(၂၀)နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ သဲအိတ်များ ကာရံထားရှိပြီး၊ မော်တော်ယာဉ်များ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း သိရသည်။


ဝင်းကြိုင်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)