ပန်းတောင်း၊ ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင်လ (၁၅) ရက်နေ့မှစတင်၍ ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မြေနိမ့်ပိုင်းရှိ ရေဝင်ရောက်သည့် အခြေခံပညာကျောင်း (၃၆) ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံး (၁) ရုံးတို့အား ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်း (၁၆၀) ကျောင်းရှိပြီး မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားလျက်ရှိသည့် အခြေခံပညာကျောင်း (၃၆) ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံး (၁) ရုံးတွင် မြစ်ရေပြန်လည်ကျဆင်းသွားသည့်အတွက် မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာရေးကျောင်း (၁၃) ကျောင်းကို ယမန်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အဆိုပါကျောင်း (၁၃) ကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ (၂၉၂၁) ဦးအား သင်ခန်းစာများ နောက်မကျစေရေး ပြန်လည်အစားထိုး သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လပြည့်လင်း
#MyanmarNationalPost
No comments:
Post a Comment