လားရှိုး၊ ဇူလိုင် ၁၂
လားရှိးမြို့ရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်မိသားစုများ ရောက်ရှိနေကြပြီး စားသောက်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိရာ ရှမ်းဗမာ ကုန်စုံဆိုင်မိသားစုမှ ပေးပို့လှူဒါန်းသည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးသေတ္တာဗူးများကို ဘုန်းတော်ကြီးများသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရှမ်းဗမာကုန်စုံဆိုင် မိသားစုက ပေးပို့လှူဒါန်းသော ဆန်၊ ဆီ၊ ကြက်ဥနှင့် ငါးသေတ္တာဗူးတွေကို ရပ်ကွက်(၁)၊ နယ်မြေ(၈)၊ ကျောက်တောင်ရပ်၊ သီရိသိဒ္ဓိ ကြံတိုင်းအောင်ကျောင်း နှင့် ချယ်ရီမြိုင်အိမ်ယာ အနောက်ဘက်ရှိ မိုးကုတ်တောရကျောင်းတို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရပ်ကွက်(၁)၊ နယ်မြေ(၈)ထဲရှိ စစ်ရှောင်မိသားစုအချို့နှင့် အခက်အခဲဖြစ်နေသူ မိသားစုများကိုလည်း တတ်နိုင်သလောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
စစ်ရှောင်ပြည်သူများမှာ လိုအပ်မှုများ ရှိနေသည့် အခြေအနေနှင့် ပတ်သက်၍ "ကလေးတွေများတဲ့ မိသားစုတချို မရလိုက်လို့ စိတ်မကောင်းဖြစ်မိပါတယ်။ အလှူရှင်တွေ ထပ်ပေါ်လာရင် လှူပေးပါဦးမယ်။" ဟု ရေးသားဖော်ပြထားသည်။
လားရှိုးမြို့အနီးဝန်းကျင်တွင် MNDAA ဦးဆောင်သော အကြမ်းဖက်အဖွဲ့များက မြို့တွင်းသို့ ရှော့တိုက်ဒုံးများ၊ တာဝေးပစ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးခဲ့ရပြီး စစ်ရှောင်မိသားစုများ ဘုန်းတော်ကြီးများတွင် ခိုလှုံနေရပြီး စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ လိုအပ်ချက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
Photo Crd -
https://t.me/MyanmarNationalPost
No comments:
Post a Comment