မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ဖွင့်လှစ်ခြင်း (၂)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ဖွင့်လှစ်ခြင်း (၂)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်




ချုံချင့်၊ ဇူလိုင် ၁၅

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ဖွင့်လှစ်ခြင်း (၂) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားအား မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့၌ ၁၂-၇-၂၀၂၄ ရက်(သောကြာနေ့)၊ ညနေ ၁၅:၀၀နာရီတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားသို့ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Ming Quan၊ ချုံချင့်မြူနီစီပယ်အစိုးရ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Zhu Mao၊ ချုံချင့်မြို့၊ ယွီကျုံးခရိုင်ပါတီအမြဲတမ်းကော်မတီဝင် Mr. Wei Qiang၊ ချုံချင့်မြို့နှင့် ချန်သူးမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ဒုတိယကောင်စစ်ဝန်ချုပ်များ၊ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန၊ ယွီကျုံးခရိုင် နိုင်ငံခြားရေးဌာန၊ တဇူခရိုင်နိုင်ငံခြားရေးဌာန၊ ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကော်မရှင်တို့မှ တာဝန်ရှိသူများနှင့်  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ 

အဆိုပါ အခမ်းအနားတွင် ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက အထိမ်းအမှတ်မိန့်ခွန်းပြောကြားပြီး၊ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Ming Quan မှ ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)