လယ်ဝေး ၊ ဇူလိုင် ၂၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၇) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (အင်ပု)တွင် ယနေ့နံနက် ၁၀ နာရီက မိုးကောင်းရတနာ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ မိုးကောင်းရတနာကျောင်းစာကြည့်တိုက်အား ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားဟောင်းများကိုယ်စား ကျောင်းသားဟောင်းတစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ကျောင်းခန်းမတွင် ဖွင့်ပွဲအခမ်းအနားကျင်းပရာ တာဝန်ရှိသူများက အမှာစကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌမှ ကျောင်းစာကြည့်တိုက်ဖြစ်ပေါ်လာပုံအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မိုးကောင်းရတနာကျောင်းစာကြည့်တိုက် အလှူရှင်များဖြစ်သည့် အ.လ.က(အင်ပု) ကျောင်းသားဟောင်းများက စာကြည့်တိုက်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ကျောင်းအုပ်ဆရာမကြီးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အလှူရှင်များက မိုးကောင်းရတနာကျောင်းစာကြည့်တိုက်အတွက် စာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
အိအိငြိမ်းဖြူ
https://t.me/MyanmarNationalPost
No comments:
Post a Comment