ရွှေတောင် ၊ ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်း မြို့အင်္ဂါရပ်နှင့်အညီ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ကြာနီကန်ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူး၊မွေးမြူးရေးအထက်တန်းကျောင်းဝန်းအတွင်းတွင်ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လှုပ်ရှားဆောင်ရွက်ရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊( သရက်တော၊ကြာနီကန်၊ယွန်းတန်း) ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါအဖွဲ့ဝင်များစုစုပေါင်းအင်အား (၂၁၀) ဦးပါဝင်ဆောင်ရွက်ခဲ့ပြီး ပေါင်းမြက်များ၊ ချုံနွယ်များနှင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းကြပြီး ထွက်ရှိလာသာ အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်အမှိုက်သိမ်းယာဥ် ( ၃) စီးဖြင့်စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment