တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိ ရေလှောင်တမံများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိ ရေလှောင်တမံများအား ကြည့်ရှုစစ်ဆေး


ပုသိမ်၊ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နေ့လည်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မြန်အောင်ခရိုင်အတွင်းရှိ ရေလှောင်တမံများ၏ကြံ့ခိုင်မှုအခြေအနေများ၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှ ရေထုတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအနီးရှိ မမြရေလှောင်တမံစီမံကိန်းသို့ သွားရောက်ခဲ့ပြီး ခုနှစ်အလိုက် မိုးရေချိန်လက်မ၊ ပင်မရေပိုလွှဲမှရေကျော်သည့် အမြင့်ဆုံးရေမှတ်၊ အမြင့်ဆုံးပေ၊ ရေကျော်သည့်ရက်၊ ၂၀၁၈ ခုနှစ်တွင် မမြဆည်ရေပိုလွှဲမှ အမြင့်ဆုံး ၅.၅ပေ(RL- 320.5ft) ရေကျော်ခဲ့မှုနှင့် ယမန်နေ့ညနေ ၂ နာရီတွင် မမြဆည်ရေပိုလွှဲမှ ရေကျော်အမြင့် ၁.၂ပေ(RL- 316.2ft)မှ ရေကျော်စီးဆင်းမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေပိုလွဲမှ ရေကျော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံစီမံကိန်းသို့ သွားရောက်၍ ပင်မရေပိုလွှဲမှ နှစ်အလိုက်ရေကျော်မှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မိုးရေချိန်(လက်မ)၊ အမြင့်ဆုံးရေမှတ်(RL)၊ အမြင့်ဆုံး(ပေ)၊ ရေကျော်သည့်ရက်ပေါင်း၊ ၂၀၁၈ ခုနှစ်တွင် ကညင်ဆည်ရေပိုလွှဲမှ အမြင့်ဆုံး ၁၀.၉ ပေ (RL- 298.90.ft) ရေကျော်ခဲ့မှုနှင့် ကညင်ဆည်ရေပိုလွှဲ မှ ၂၇-၇-၂၀၂၄ ရက်နေ့ ညနေ ၃ နာရီတွင် ကညင်ဆည်ရေပိုလွှဲထိပ်မှ အမြင့် ၇.၈ ပေ(RL- 295.8ft) ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ရှင်းလင်းဆောင်တွင် ရေလှောင်တမံစီမံကိန်းဆိုင်ရာအချက်အလက်များ၊ တမံကြံ့ခိုင်မှုနှင့်ရေထုတ်ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေလှောင်တမံရေပိုလွှဲက ရေကျော်နေမှုကို စောင့်ကြည့်မှတ်တမ်းတင်ထားရှိရန်၊ အချိန်နဲ့တပြေးညီတင်ပြရန်/ရေလှောင်တမံကြံ့ခိုင်ရေး စဉ်ဆက်မပြက် စစ်ဆေးဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။


လှမင်းထွဋ်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)