ကယားပြည်နယ်အတွင်းရှိ သံဃာတော်များ ဝါတွင်းကာလအေးချမ်းစွာ သီတင်းသုံးနိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အတွင်းရှိ သံဃာတော်များ ဝါတွင်းကာလအေးချမ်းစွာ သီတင်းသုံးနိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





လွိုင်ကော်၊ ဇူလိုင် ၂၈

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့က လွိုင်ကော်မြို့နယ်၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာ သံဃာတော်များ ဝါတွင်းကာလအတွင်း အေးချမ်းစွာသီတင်းသုံးနိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက ပျော်ရွှင်စွာဖြင့်  စုပေါင်းကုသိုလ်ပြုသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မင်းကျောင်းပရိယတ္တိစာသင်တိုက်အတွင်း ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် သံဃာဆောင်များနှင့် ဆွမ်းစားဆောင်များ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း အပြီးသတ်ဆောင်ရွက်ပေးနေမှုများကို စစ်ဆေးကြည့်ရှုကာ လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသို့ သွားရောက်၍ အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့် ဆောင်ရွက်မှုကြောင့် ပျက်စီးခဲ့သည့် ပြည်နယ်သံဃနာယကရုံးအဖွဲ့  အဆောက်အဦ၊ အောင်မြင်ဓမ္မာရုံနှင့် စာသင်ဆောင်များ၊ သာသနိကအဆောက်အအုံများအား လိုက်လံကြည့်ရှုခဲ့ပြီး သံဃာတော်များ ဝါတွင်းကာလအတွင်း အေးချမ်းစွာ သီတင်းသုံးနိုင်ရေးအတွက် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများအား အမြန်ဆုံးပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စာသင်တိုက်အတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက ပျော်ရွှင်စွာ စုပေါင်းကုသိုလ်ပြုသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်စားသုံးရေးရာဦးစီးဌာနသို့ သွားရောက်၍ ရုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ရုံးပတ်ဝန်းကျင် ဥပဓိရုပ်ကောင်းမွန်မှုရှိစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာသို့ သွားရောက်၍ ဝန်ထမ်းများ ပြန်လည်နေရာချထားနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများနှင့် အိမ်ရာဝန်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများဖြစ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လေးခန်းတွဲနှစ်ထပ် ဝန်ထမ်းအိမ်ရာအဆောက်အဦသစ် ဆောက်လုပ်ခြင်း၊ လုံခြုံရေးအုတ်တံတိုင်းကာရံခြင်း၊ ပစ္စည်းသိုလှောင်ရေးရုံများ တည်ဆောက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ အရည်သွေးကောင်းမွန်မှုရှိစေရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မှီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး မြို့နေပြည်သူများ သန့်ရှင်းသောသောက်ရေရရှိရေးအတွက် နောင်ယား(ခ)ရပ်ကွက်အတွင်းရှိ  ရွှေကယားရေသန့်စက်ရုံသို့ သွားရောက်ကာ ခေတ်မီစက်ကိရိယာများဖြင့် သန့်စင်သော ရေသန့်ထုတ်လုပ်နေမှုများကို ကြည့်ရှုခဲ့ပြီး လွိုင်ကော်မြို့နယ်အတွင်း သက်သာသောနှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကိုဇင်(လွိုင်ကော်)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)