မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ခရိုင်/မြို့နယ် တရားရုံးအချုပ်ခန်းများ၊ ရဲစခန်းအချုပ်ခန်းများနှင့် မော်လမြိုင်အချုပ်ထောင်တို့အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ခရိုင်/မြို့နယ် တရားရုံးအချုပ်ခန်းများ၊ ရဲစခန်းအချုပ်ခန်းများနှင့် မော်လမြိုင်အချုပ်ထောင်တို့အား ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇူလိုင် ၁၃

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးတင်အောင်ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်း ချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီဇူလိုင် ၁၁ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ခရိုင်၊ မြို့နယ်တရားရုံးအချုပ်ခန်း၊ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းတို့ရှိ အချုပ်ခန်းများကိုလည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် မော်လမြိုင် အချုပ်ထောင်ကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရိုင်၊ မြို့နယ်တရားရုံးအချုပ်ခန်းများ၊ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းအချုပ်ခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ/မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင်ရုံးထုတ် ချိန်ကာလအတွင်း စားသောက်ရေးစီစဉ်ပေးမှု အခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မော်လမြိုင်အချုပ်ထောင်ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားအကျဉ်းသူ၊ အချုပ်သားအချုပ်သူများကို အိပ်ဆောင်များတွင်တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားများ၏ နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာရေးစောင့် ရှောက်မှုအခြေအနေ၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေသုံးစွဲမှုအခြေအနေ၊ မိသားစုနှင့်တွေ့ဆုံမှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ/ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ / မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ / မရှိနှင့် အိပ်ဆောင်များအတွင်း သန့်ရှင်းမှု ရှိ/မရှိ၊ ယုံကြည်ရာ ကိုးကွယ်သည့်ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့် ရရှိမှု ရှိ/ မရှိ စသည့်အကျဉ်းသား၊ အချုပ်သား တစ်ဦး ၏ အနိမ့်ဆုံးရရှိရမည့်အခွင့်အရေးများရရှိခြင်း ရှိ /မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသားအကျဉ်းသူ၊ အချုပ်သားအချုပ်သူများကိုလည်း တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခဲ့သည်။

အချုပ်ထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း၊ အပြင်မိလ္လာများ သန့်ရှင်းမှု ရှိ/မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ် သလို ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)